ဖျာပုံမြို့နယ်၌ ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများဖြေဆို

ဖျာပုံ မတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို မြို့နယ်အတွင်းရှိ စာစစ်ဌာန(၆) ခုတွင် ကျောင်းသား၊ ကျောင်းသူများဖြေဆိုနေမှုအား ခရိုင်/မြို့နယ် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကြည့်ရှု့စစ်ဆေးခြင်းကို ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ထားမောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ပထမနေ့အဖြစ် မြန်မာစာဘာသာရပ် ဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို လိုက်လံကြည့်ရှုကြပြီး၊ ဖျာပုံမြို့နယ်တွင်စာစစ်ဌာန အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က- (ကျုံကျိုက်)၊ အ.ထ.က-(သမိန်ထော)၊ အ.ထ.က-(အမာ)၊ အ.ထ.က( ဒေါ်ငြိမ်း)စုစုပေါင်း စာစစ်ဌာန(၆)ခုဖွင့်လှစ်ထားရှိ​ပြီး စာရင်းရှိ ဦး​ရေ ကျား (၄၄၅)ဦး၊ မ (၅၄၉)ဦး၊ စုစုပေါင်း ( ၉၉၄)ဦးရှိ​ပြီး၊ဖြေဆိုသူဦး​ရေကျား (၃၉၇)ဦး၊ မ(၅၁၃) ဦး၊စုစုပေါင်း (၉၁၀) ဦး ဝင်ရောက်ဖြေဆိုကြပြီး၊ ပျက်ကွက်ကျား (၄၈)ဦး၊ မ(၃၆)ဦး၊ စုစုပေါင်း (၈၄)ဦးဖြစ်ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်

ဖျာပုံခရိုင် (ပြန်/ဆက်)