သဲကုန်းမြို့နယ်တွင် မီးဘေးသင့်အိမ်ထောင်စုအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ထောက်ပံ့

သဲကုန်း မတ် ၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ ကြို့ရပ်သာကျေးရွာအုပ်စု၊ ကံကြီးကုန်းရွာတွင် နေအိမ်တစ်လုံးမီးလောင်ကျွမ်းခဲ့၍ မီးဘေးသင့်အိမ်ထောင်စုတစ်စုအား ယမန်နေ့က ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးသင့်အိမ်ထောင်စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနှင့် မီးဘေးသင့်မိသားစု စုစုပေါင်း(၃)ဦးအတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေကျပ်စုစုပေါင်း(၁၀၆၃၀၀)ကို ဆင်မြီးဆွဲမြို့အုပ်ချုပ်ရေးမှူးဦးဝေဖြိုးကျော်နှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြတ်နှင်းအေးဦးဆောင်သောအဖွဲ့တို့က   သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)