သတင်းများ

(၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့်  မြောင်းမြခရိုင်လူထု အခြေပြု ဗဟိုဌာနတွင်စာအုပ်ပြပွဲ နံရံကပ်စာစောင်ပြသပွဲ ကျင်းပ
Mar 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ နေ့လယ် ၂ နာရီ ၃၀ အချိန်က (၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင် ပြပွဲကို  ကျင်းပပြုလုပ်ခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ Book Club စာဖတ်ဝိုင်းပြုလုပ်
Mar 24,2023
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ၏  Book Club စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
ဂန့်ဂေါမြို့နယ် ရှုံးရှီရွာ ရာဇမုနိစေတီတော်တွင် ဘက်စုံမွမ်းမံမှုများ ဆောင်ရွက်ထား
Mar 24,2023
ဂန့်ဂေါမြို့နယ် ရှုံးရှီရွာ ရာဇမုနိဓာတ်တော်ရှင်စေတီတော်ကို ကိုဗစ်-၁၉ ကာလများတွင် ဘုရားဖူးများ ပိတ်ထားခဲ့ပြီး ယခုအခါ၌ ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်းနှင့် သာသနိက အဆောက်အအုံများ ဆောက်လုပ်ခြင်း အပါအဝင် စေတီတော်ကုန်းတော်၌ ဘက်စုံ မွမ်းမံပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများလည်း ဆောင်ရွက်ထားကြောင်း သိရသည်။
အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်
Mar 24,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် မှတ်ပုံတင်ရေးအဖွဲ့မှ ခရိုင်အတွင်း မှတ်ပုံတင်ခွင့်ပြုထားသည့် သက်တမ်းရှိအသင်း အဖွဲ့ဝင်များအား အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့် အကြမ်းဖက်မှုများကို ငွေကြေးထောက်ပံ့ရာတွင် NPO များကို အလွဲသုံးစားပြုခြင်းဆိုင်ရာ ကိစ္စရပ်များ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “Particulate matter (PM)” အကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးပွဲ ပြုလုပ်
Mar 24,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ “Particuate matter(PM)” အကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် (၁၁)နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
(၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ သန်လျင်၌အခမဲ့ဖြန့်ဝေ
Mar 24,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက သန်လျင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဈေး၊ ကားဂိတ်၊ ကယ်ရီဂိတ် လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၃) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Mar 24,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် ၃ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
သနပ်ပင်မြို့နယ်အတွင်း မွေးမြူ‌ရေးလုပ်ငန်းသုံး ခြံဖျန်းဆေးများ လိုက်လံဖျန်းပေးခြင်း လုပ်ငန်းဆောင်ရွက်
Mar 24,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဘူတာပိုင်းရပ်ကွက် တဝက်ဇရပ်ရှိ အသားစားကြက်မွေးမြူရေးခြံများအား ခြံဖျန်းဆေးများ လိုက်လံ၍ဖျန်းပေးခြင်းကို ယနေ့ နံနက်(၁၀) အချိန်က ခြံဖျန်းဆေးဖြန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။