သတင်းများ

ပူတာအိုမြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၄)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Mar 24,2023
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(ပူတာအို)၏ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲက ကချင်ပြည်နယ် ပူတာအိုမြို့ အမျိုးသမီး အိမ်တွင်းမှုသင်တန်းကျောင်း သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ဆီဆိုင်မြို့နယ်၌ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၂/၂၀၂၂) သင်တန်းဆင်းပွဲကျင်းပ
Mar 24,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ လွိုင်ကော်ကျောင်းခွဲ၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၂/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း)၊
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်စာကြည့်တိုက် ဆက်လက်ကွင်းဆင်းဆောင်ရွက်
Mar 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ မြို့နယ် နေပြည်သူများ စာပေမှတဆင့် အသိပညာဗဟုသုတတိုးပွားရရှိစေရေး ရည်ရွယ်၍ စာဖတ်ရှိန် မြင့်မားရေးနယ်လှည့်စာကြည့်တိုက်ကို ယနေ့နံနက် ၉ နာရီက ဆိပ်ကြီးအ‌ရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဖြူးမြို့နယ်၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၅)သင်တန်းဆင်းပွဲကျင်းပ
Mar 24,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်း(ဖြူး)၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်းပွဲကို ယနေ့၊ နံနက်(၁၀)နာရီ၌ အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်းပွဲကျင်းပ
Mar 24,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ယနေ့နံနက် ၉နာရီအချိန်က အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅)သင်တန်းဆင်းပွဲ ကျင်းပ သည်။
ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်
Mar 24,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် အကြောင်းများကိုပြည်သူများ အသိပညာဗဟုသုတ ပိုမိုရရှိစေရန်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဖား​ဆောင်းမြို့နယ်၌ (၇၈)နှစ်​မြောက် တပ်မ​တော်​နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာ​စောင်များအခမဲ့ဖြန့်​ဝေ
Mar 24,2023
 ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှဝန်ထမ်းများက ၂၀၂၃ခုနှစ်၊ မတ်လ(၂၇)ရက်​​နေ့တွင် ကျ​ရောက်မည့်(၇၈)နှစ်​မြောက် တပ်မ​တော်​နေ့ အထိမ်းအမှတ်အကြိုအဖြစ် (၇၈)နှစ်​မြောက် တပ်မ​တော်​နေ့သတင်း စကားလက်ကမ်းစာ​စောင်များကို ယ​နေ့နံနက်က တပ်ရပ်တပ်ဖွဲ့များ၊ ဌာနဆိုင်ရာရုံးများ၊မြို့​ပေါ်ရပ်ကွက်ရှိပြည်သူများ လက်ဝယ်သို့အ​ရောက် အခမဲ့လိုက်လံဖြန့်​ဝေ​ပေးခဲ့​ကြောင်း သိရသည်။
မိုင်းပန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Mar 24,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။