မြောင်းမြ မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ နေ့လယ် ၂ နာရီ ၃၀ အချိန်က (၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင် ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတွင် ကျောင်းသား ကျောင်းသူလူငယ်များ အသိပညာ ဗဟုသုတရရှိစေမည့် သုတရသစာအုပ်များ၊ တပ်မတော်နေ့နှင့်ပတ်သက်သည့်အကြောင်း အရာများ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသထားပြီး ကျောင်းသား ကျောင်းသူ လူငယ်များ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမတွင် ပြပွဲ၊ ပြိုင်ပွဲများ၊ သင်တန်းများ၊ အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ စာအုပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မြောင်းမြ(ခရိုင်ပြန်/ဆက်)