သနပ်ပင် မတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဘူတာပိုင်းရပ်ကွက် တဝက်ဇရပ်ရှိ အသားစားကြက်မွေးမြူရေးခြံများအား ခြံဖျန်းဆေးများ လိုက်လံ၍ဖျန်းပေးခြင်းကို ယနေ့ နံနက်(၁၀) အချိန်က ခြံဖျန်းဆေးဖြန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
သနပ်ပင်မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ၊ ကြက်မွေးမြူကြသည့် မွေးမြူရေးခြံများ၌ ခြံဖျန်းဆေးများ လိုက်လံဖျန်းပေးရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေးအေးအောင်မှ မွေးမြူရေးခြံများအား ဇီဝလုံခြုံမှုပိုမိုဆောင်ရွက်ပေးရန်ကူး စက်ရောဂါများဖြစ်ပွားမှု မဖြစ်စေရန်နှင့်မွေးမြူရေးလုပ်ငန်းများအား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခြံဖျန်းဆေးများ လိုက်လံဖျန်းပေးခြင်းဖြစ်ကြောင်း၊ ခြံဖျန်းပိုးသတ်ဆေးများကို အသုံးပြုပုံ၊ အသုံးပြုနည်းများအား ရှင်းလင်းပေးပြီး ကြက်၊ ဝက်၊ ဘဲ မွေးမြူကြသည့်မွေးမြူရေးလုပ်ငန်းရှင်များအား ဇီဝလုံခြုံမှုမြှင့်တင်ပေးရန် ခြံဖျန်းပိုးသတ်ဆေးများ ပိုမိုသုံးစွဲရန် ခြံပိုင်ရှင်များအား လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ မွေးမြူရေးလုပ်ငန်းဖွဲ့ဖြိုးတိုးတက်ဖို့ ဇီဝလုံခြုံမှုတိုးမြှင့်ခြင်းလုပ်ငန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
လှမိုး(ပြန်/ ဆက်)