ဆိပ်ကြီးခနောင်တို မတ် ၂၄
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ၏ Book Club စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်ဦးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ယခုဖတ်ရှုဆွေးနွေးမည့် စာအုပ် အကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက်ပြုလုပ်ရာ (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စာရေးဆရာ တင့်ဆွေ( ဖျာပုံ) ရေးသားသည့် “ကျောပိုးအိတ်လေးကို ချီကာလွယ်” စာအုပ်ထဲမှ “တပ်မတော်နှင့် ကျွန်တော်” ခေါင်းစဉ်ပါ အကြောင်းအရာကို ဦးစီးအရာရှိ ဒေါ်သဇင်ဦးက ဦးဆောင်ဆွေးနွေးပြီး၊ ဆက်လက်ပြီးအဆိုပါ ခေါင်းစဉ်အကြောင်းအရာဖြင့် Book Club အသင်းဝင် ကိုဝေယံနှင့် မစုစုမြတ်နိုးတို့ကတို့က စာပိုဒ်အလိုက် အသီသီးဖတ်ကြား၍ စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာရေးဆရာ တင့်ဆွေ (ဖျာပုံ)၏ “ကျောပိုး အိတ်လေးကို ချီကာလွယ်”စာအုပ်ထဲမှ အထက်ပါ “တပ်မတော်နှင့် ကျွန်တော်”ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြင့် စာဖတ်သူများအနေဖြင့် စာရေးသူ၏ တပ်မတော်သားဘဝ နိုင်ငံတော်ကာကွယ်ရေး ဆောင်ရွက်ခဲ့သည့် မှတ်တမ်းများ၊ ခေတ်အဆက်ဆက် တပ်မတော်ဖွဲ့စည်းဆောင်ရွက်ခဲ့ပုံများ၊ နိုင်ငံတော်အတွက် အင်အားတောင့်တင်းပြီး ခေတ်မီသည့်၊ စည်းလုံး ညီညွတ်သည့် တပ်မတော် တစ်ရပ် မဖြစ်မနေ ရှိရမည်ဟူသည့် အသိပညာ ဗဟုသုတများ များစွာရရှိသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ (ပြန်/ ဆက်)