ဟုမ္မလင်းမြို့၌ စာဖတ်သူများထံသို့ စာအုပ်များ ကွင်းဆင်းငှားရမ်းပေး
Mar 24,2023
စစ်ကိုင်းတိုင်းဒေကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များသည် ပြည်သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်နှင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်းမရှိ သည့် စာဖတ်ဝါသနာရှင်များ စာပေကို လွယ်လင့်တကူ လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားလာစေရန် အတွက် နယ်လှည့် စာကြည့်တိုက် Mobile Library စနစ်ဖြင့် စာဖတ်သူများထံသို့ စာအုပ်များ အခမဲ့ ငှားရမ်းပေးခြင်း ကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က ဌာနဆိုင်ရာရုံးများသို့ စာအုပ်များ ကွင်းဆင်း ငှားရမ်းပေးခဲ့ကြောင်း သိရသည်။