ကော့သောင်းမြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားပြုလုပ်
Mar 24,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် မတ်လ ၁၉ ရက်နေ့မှ ယနေ့ထိ (၅)ည (၆)ရက်တိုင်တိုင်ပြုလုပ်ကျင်းပခဲ့သော ကော့သောင်းမြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာ ပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်တော်အေးသာသနာ့ ဗိမာန်တော်တွင် ပြုလုပ်ရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့်ဩဝါဒါစရိယနာယက ဆရာတော်ကြီးများ၊ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးအောင်သက်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများတက်ရောက်ခဲ့ကြသည်။