သတင်းများ

လဲချားမြို့နယ် စည်ပင်သာယာမြို့မစျေးတွင် မီးဘေးလုံခြုံရေးဇာတ်တိုက်လေ့ကျင့်
Mar 24,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် မြို့မစျေးတွင် မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့သည်။
ငဖဲမြို့နယ်တွင် နွေနှမ်းသီးနှံနှင့် နေကြာသီးနှံစိုက်ပျိုးမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 24,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံစေရေး၊ စားနပ် ရိက္ခာဖူလုံစေရေးနှင့် စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေးအတွက် မြို့မရပ်ကွက်ရှိ ကွင်းအမှတ်များတွင် ဒေသခံတောင်သူများ မြေအောက်ရေဖြင့် ရေတင်စိုက်ပျိုးနေသည့် နွေနှမ်းသီးနှံ၊ နေကြာသီးနှံ ရောနှောစိုက်ခင်း၊ နေကြာသီးနှံသီးသန့်စိုက်ခင်းများနှင့် နွေစပါး စိုက်ပျိုးဆောင်ရွက်နေမှုအား ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဦးနေမျိုးနန္ဒ၊ မြိုနယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမြင့်သိန်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးကျော်လင်းထွန်းနှင့် ကွင်းဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မူဆယ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၏ အဆင်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၃) သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ
Mar 24,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုလုပ်ငန်းပညာသင်ကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနားကို  ယနေ့ နံနက် (၉း၀၀)နာရီအချိန်က အမျိုးသမီး
သီပေါမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ဆက်လက်ထုတ်ပေး
Mar 24,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်စားများအား ပင်စင်လစာငွေများကို မတ်လ(၂၁)ရက်နေ့ နံနက်(၈)နာရီကစတင်၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
 မိတ္ထီလာမြို့နယ်တွင်(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့် ဆည်ကုန်းကျေးရွာ 1000LPH ( RO System )ရေသန့်စင်စက်ရုံ ဖွင့်ပွဲအခမ်းအနားကျင်းပ
Mar 24,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည် ဆည်ကုန်းကျေးရွာ 1000LPH(RO System )ရေသန့်စင်စက်ရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က အဆိုပါ ကျေးရွာရှိ 1000LPHရေသန့်စင်စက်ရုံရှေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း  သိရသည်။
တောင်ကုတ်မြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ
Mar 24,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံးမှကြီးမှူး၍ လူငယ်များအသိပညာမြင့်မားရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းက NOBLE International Pre–School & Learning Centre တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကွန်ဟိန်းမြို့၌ အမျိုးသမီးအိမ်တွင်းမှု အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဥ် (၄) ဆင်းပွဲ အခမ်းအနားကျင်းပ
Mar 24,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဥ်(၄) သင်တန်းဆင်းပွဲအခမ်းအနားအား ယနေ့နံနက်(၉:၀၀)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခိုလမ်မြို့တွင် အသက်(၁)နှစ်ခွဲအောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများဆောင်ရွက်
Mar 24,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ကုတင်(၁၀၀) ဆေးရုံတွင် ဆောင်ရွက်ပေးခဲ့သည်။