ကသာ မတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ “Particuate matter(PM)” အကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် (၁၁)နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်အိအိထွန်းနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်မြသဇင်တို့က ဆွေးနွေးခဲ့ကြရာ ရုပ်သံကျွမ်းကျင်-၃ ဒေါ်အိအိထွန်းက Particuate matter(PM) ဖြစ်ပေါ်လာရသည့် အကြောင်းအရင်းများနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ရာ အငယ်တန်းစာရေး ဒေါ်မြသဇင်က Ari Quality Index (AQI) (၅)မျိုးတွင် Particuate matter(PM)ပါဝင်သည့် အဓိပ္ပာယ်ကိုလည်းကောင်း၊ Particuate matter(PM)မှ ထွက်ရှိနိုင်သည့် အရင်းအမြစ်များအကြောင်းကိုလည်းကောင်း၊ လူသားများအတွက် ပို၍ အန္တရာယ်ရှိသည့် PM 2.5 အကြောင်းကိုလည်းကောင်း၊ အကြောင်းအရင်းများအနက် လူသားတို့အပေါ် PM 2.5သည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားစေခြင်း၊ ပန်းနာရင်ကြပ်ရောဂါ ဖြစ်ပွားစေခြင်း၊ အဆုတ်နှင့်ဆိုင်သည့်ရောဂါများ ဖြစ်ပွားစေခြင်း၊ သွေးကြောရောင်းရမ်းခြင်းနှင့် သွေးလွတ်ကြောများ မာကြောခြင်းတို့ ဖြစ်ပွားစေခြင်းများအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးသည်။ ထိုအကြောင်း အရာများထဲမှ လေထုအရည်အသွေးအညွှန်းကိန်း Quality Index (AQI) အကြောင်းအရင်း(၆)ဆင့်ကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာ ဝန်ထမ်းများက Particuate matter(PM) အကြောင်းနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ(ကသာ)