သန်လျင် မတ် ၂၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက သန်လျင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဈေး၊ ကားဂိတ်၊ ကယ်ရီဂိတ် လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ဦးတည်ချက်လေးရပ်၊ ဗိုလ်ချုပ်အောင်ဆန်း(၁၃-၄-၁၉၄၇) မြို့တော်ခန်းမပြည်သူ့အစည်းအဝေး၌ ပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နှုတ်ချက်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက်၊ တပ်မတော်အား(၁၀)ပါး၊ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးစီးပွားကို ဦးလည်မသုန်ထမ်းရွက်ခဲ့ခေါင်းကြီး၊ ဖိုးလေးလုံးသောင်းကိုကို၏ “ပြည်သူချစ်တဲ့တပ်မတော်”ကဗျာ၊ကာတွန်းနှင့် ဆောင်ပုဒ်များဝေဝေဆာဆာဖော်ပြထားသည်။
အဆိုပါ(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်း စာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်