သတင်းများ

ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အလုပ်နှင့်တန်ဖိုး အသိပညာပေး Talk Show ကျင်းပ
Mar 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အလုပ်နှင့်တန်ဖိုး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 24,2023
၂၀၂၃ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင်ရောက်ရှိမည့်  (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၁ နာရီက  ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလိန်အောင်မြို့ စစ်ဆေးရေးတံတားထိပ်တွင် ခရီးသွားပြည်သူများနှင့် မြို့အတွင်းရှိ ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချီဖွေမြို့နယ်၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 24,2023
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းဆတ်မြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ ဆောင်ရွက်
Mar 24,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ တိရစ္ဆာန်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ‌ရည်ရွယ်၍ မွေးမြူရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောခြင်းနှင့် ကူးစက်ပိုးမွှားရောဂါ ကင်းဝေးစေရန် ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်
Mar 24,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်‌မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသည့် ဒေသခံပြည်သူများ စနစ်တကျ မွေးမြူလုပ်ကိုင်နိုင်ရန်နှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယမန်နေ့ ညနေ ၃ နာရီက ပွင့်ဖြူမြို့နယ်အတွင်းရှိ သိုး ၊ နွား၊ ဝက် တိရစ္ဆာန် မွေးမြူရေးခြံများသို့ သွားရောက်ပြီး မွေးမြူရေးဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးဟောပြောခြင်းနှင့် တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ကူးစက် ပိုးမွှားရောဂါ ကင်းဝေးစေရန်အတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် အောင်လံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 24,2023
မကွေးတိုင်းဒေကြီး၊ အောင်လံခရိုင် အောင်လံမြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် ယမန်နေ့ နံနက် ၉ နာရီက ရောက်ရှိ၍ အောင်လံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော မြို့ပတ်လမ်း (၂+၃) ကွန်ကရစ်ခင်းခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး စည်ပင်သာယာအဖွဲ့ပိုင် အောင်မာလာပန်းခြံအတွင်း ပျိုးပင်များ ပျိုးထောင်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ခရမ်းမြို့နယ်တွင် ၁၃၈၄ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ၁၃၈၄ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ခရမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရေနံချောင်းမြို့ မူလတန်းကြိုကျောင်း၌ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲအခမ်းအနား ကျင်းပ
Mar 24,2023
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန ရေနံချောင်း မူလတန်းကြိုကျောင်း၌ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပသည်။