လွိုင်လင် မတ် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် မှတ်ပုံတင်ရေးအဖွဲ့မှ ခရိုင်အတွင်း မှတ်ပုံတင်ခွင့်ပြုထားသည့် သက်တမ်းရှိအသင်း အဖွဲ့ဝင်များအား အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့် အကြမ်းဖက်မှုများကို ငွေကြေးထောက်ပံ့ရာတွင် NPO များကို အလွဲသုံးစားပြုခြင်းဆိုင်ရာ ကိစ္စရပ်များ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် လွိုင်လင်ခရိုင် မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်က ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်း ဆွေးနွေးခဲ့ကာ အတွင်းရေးမှူးမှ အသင်းအဖွဲ့များအနေဖြင့် လိုက်နာရမည့်စည်းကမ်းချက်များကို ချပြဆွေးနွေးခဲ့သည်။ ထို့နောက် ခရိုင်ဥပဒေအရာရှိမှ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေပြဌာန်းချက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်းနှင့် လွိုင်လင်ခရိုင်အဆင့် မှတ်ပုံတင်ခွင့်ပြုထားသည့် သက်တမ်းရှိ အသင်းအဖွဲ့အနေဖြင့် လွိုင်ခမ်းအမျိုးသမီးအသင်းအဖွဲ့ တစ်ခုသာရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်