သတင်းများ

မိုးညှင်းမြို့၌ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်
Apr 21,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် မြန်မာ့ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာအရ နှစ်စဉ်​မြန်မာနှစ်ဆန်း တစ်ရက်နေ့မှစတင်၍ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်လျက်ရှိကြောင်း သိရသည်။ 
မိုင်းကိုင်မြို့နယ်၌ လူငယ်နှင့်ဆိုရှယ်မီဒီယာအကြောင်း အသိပညာပေးဟောပြောပွဲနှင့် ပြပွဲကျင်းပ
Apr 21,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယမန်နေ့မနက်ပိုင်းက လူငယ်နှင့်ဆိုရှယ်မီဒီယာ အကြောင်း ဟောပြောပွဲနှင့်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အိမ်မဲမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ အသိပညာပေး Talk Show ပြုလုပ်
Apr 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန Community Centre ခန်းမတွင် မြို့နယ်ပြန်/ဆက် ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန တို့ပူးပေါင်း ကျင်းပသည့် စားသုံးသူကာကွယ်ရေးဥပဒေအသိပညာပေး Talk Show ကို ယနေ့နံနက် (၁၀) နာရီတွင် ကျင်းပသည်။
ကဝမြို့နယ်တွင် အပူဒဏ်ကာကွယ်ရေးအကြောင်း အသိပညာပေး (Talk Show) ကျင်းပ
Apr 20,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပူဒဏ်ကာကွယ်ရေးအကြောင်း အသိပညာပေး (Talk Show)ကို ယနေ့မွန်းလွဲ(၁)နာရီက ကျင်းပခဲ့သည်။
ဖြူးမြိုနယ်၌ အသားတိုးဝက်များ တိုးချဲ့မွေးမြူနိုင်ရေး သွားရောက်ကြည့်ရှုဆွေးနွေး
Apr 20,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မင်းကံရိုးကျေးရွာအုပ်စု၊ ရေသျှံလေးကျေးရွာနှင့် ခရမ်းကျေးရွာတို့တွင် မွေးမြူထားသော အသားတိုးဝက်များ မွေးမြူထားရှိမှုနှင့် ဆက်လက် ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တံတားမြို့ အမှတ်(၄)ရပ်ကွက်တွင် တိုင်းရင်းဆေးကုသဌာနမှပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေး
Apr 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ အမှတ်(၄)ရပ်ကွက်တွင် တိုင်းရင်းဆေးကုသဌာနမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုကို ယနေ့နံနက် (၁၀)နာရီအချိန်မှ နေ့လယ်(၁)နာရီအချိန်ထိ အခမဲ့ဆောင်ရွက်ပေးခဲ့သည်။
ရေတာရှည်မြို့နယ်၌ သက်ငယ်မုဒိမ်းကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Apr 20,2023
ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ​ခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဧပြီလ ၂၀ ရက်နေ့  နေ့လယ်ပိုင်းတွင် သက်ငယ်မုဒိမ်းကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။
ကဝမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Apr 20,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)နှင့် သက်မွေး ဝမ်းကျောင်း သင်တန်းများ၏ သက်ဆိုင်သူပေါင်းစုံပါဝင်သော မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။