သတင်းများ

ကန်ကြီးထောင့်မြို့နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Apr 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ဧပြီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုက်ရေးဦးစီးဌာနရုံး (OSS)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
သီပေါမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး
Apr 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့ နံနက်(၈)နာရီက စတင်၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် အခြေခံပညာအဆင့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ဩဝါဒခံယူတွေ့ဆုံပွဲနှင့် ဂုဏ်ပြုဆုငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက်
Apr 21,2023
အခြေခံပညာအဆင့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ဩဝါဒခံယူတွေ့ဆုံပွဲနှင့် ဂုဏ်ပြုဆုငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျိုက်ထိုမြို့နယ်၌ အထူးကုဆရာဝန်ကြီးများ အခမဲ့ကွင်းဆင်းကုသပေး
Apr 21,2023
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ နှစ်ဦးအလှူအဖြစ် အထူးကုဆရာဝန်ကြီးများမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကျန်းမာရေးကောင်းမွန်စေရန် (အခမဲ့) ကျန်းမာရေး စစ်ဆေးကုသခြင်းကို ယမန်နေ့နံနက် ၉ နာရီတွင် ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရား ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
တိုင်းရင်းသားများစာပေနှင့် ယဉ်ကျေးမှုကြီးကြပ်မှုကော်မတီမှ ကြီးမှူးကျင်းပသည့် အရှို(ချင်း) စာပေ အခြေခံဆရာဖြစ်သင်တန်း အပတ်စဉ်(၅)နှင့် ဥ(ပ်)ပူး(ချင်း) စာပေ အခြေခံမွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Apr 21,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တိုင်းရင်းသားများစာပေနှင့် ယဉ်ကျေးမှုကြီးကြပ်မှုကော်မတီမှ ကြီးမှူးကျင်းပသည့် အရှို(ချင်း)စာပေ အခြေခံဆရာဖြစ်သင်တန်း အပတ်စဉ်(၅)နှင့် ဥ(ပ်)ပူး(ချင်း)စာပေ အခြေခံ မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် မြစိမ်းရောင်စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) မြို့နယ်အဆင့် စီမံကိန်းလုပ်ငန်းစဉ်များဆိုင်ရာ သုံးသပ်ဆွေးနွေးပွဲကျင်းပ
Apr 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် မြစိမ်းရောင်စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မြို့နယ်အဆင့် စီမံကိန်းလုပ်ငန်းစဉ်များဆိုင်ရာ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ ဧပြီလ ၂၀ ရက်နေ့ နံနက် (၁၀)နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ အစိုးရပါဋ္ဌိတက္ကသိုလ်၊ တောင်ပေါ်ကျောင်းတိုက်၌ ကျင်းပသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းဆောင်ရွက်
Apr 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင်လျှပ်စစ်ဓာတ်အားလိုင်းများ နှင့်ထရန်စဖော်မာများအားပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဇန်နဝါရီလမှစတင်၍ ယနေ့ထိ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ
Apr 21,2023
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် နွေရာသီကလေးငယ်များ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်စေရန်ရည်ရွယ်၍ ကဗျာရွတ်ပြိုင်ပွဲကို ယမန်နေ့ မွန်လွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။