သတင်းများ

ကရင်ပြည်နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေး
Apr 21,2023
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ်၏ စီးပွားရေးမျှော်မှန်းချက်အနေဖြင့် စုစုပေါင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(ဂျီဒီပီ)မှာ နှစ်အလိုက်ဈေးနှုန်းအရ ကျပ် ၂၅၈၇ ဒဿမ ၉ ဘီလီယံအကောင်အထည်ဖော်ရန်နှင့် ပုံမှန်ဈေးနှုန်းအရ ၃ ဒဿမ ၆ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားကြောင်း ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားမှ သိရသည်။
ပခုက္ကူမြို့၌ စားသောက်ကုန်များ ဘေးကင်းလုံခြုံစိတ်ချစေရေးနှင့် ထိခိုက်နစ်နာမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
Apr 21,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ စျေးကွက်အတွင်း ရောင်းချလျက်ရှိသောစားသောက်ကုန်များ ဘေးကင်းလုံခြုံစိတ်ချစေရေးနှင့် စားသုံးသူပြည်သူများအား ထိခိုက်နစ်နာမှုမရှိစေရေးတို့အတွက် မြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်နှင့်စတိုးဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀နာရီအချိန်က ဆောင်ရွက်ကြသည်။
ကံမမြို့နယ်၌  အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေး
Apr 21,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ဧပြီလအတွက် ပင်စင်လစာငွေများကို ယနေ့ နံနက် ၆ နာရီမှ စတင်၍ ထုတ်ပေးလျက်ရှိရာ ရပ်ကွက်၊ ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက် ခွဲခြားသတ်မှတ်၍ ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း  သိရသည်။
ကြံခင်းမြို့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Apr 21,2023
ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ခရိုင်၊  ကြံခင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊  ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများ စတင်ထုတ်ပေး
Apr 21,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့နံနက် (၇) နာရီ အချိန်ခန့်က စတင်ပြီး ထုတ်ပေးလျက်ရှိသည်။
မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာန community Centre ခန်းမတွင် လူငယ်များအသိပညာတိုးပွားရေး စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Apr 21,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့တွင် လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ပြသခဲ့သည်။
အမ်းမြို့နယ်အတွင်းရှိ အသေးစားအလတ်စား MSME လုပ်ငန်းရှင်များအား မှတ်ပုံတင်ကပ်ပြားများ ပြုလုပ်ပေး
Apr 21,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် အတွင်းရှိ အသေးစား အလတ်စား MSME လုပ်ငန်းရှင်များအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် MSME လုပ်ငန်းရှင်များ တွေဆုံပွဲ လမ်းညွှန်ချက်အရ အသေးစား အလတ်စား MSME လုပ်ငန်းရှင်များအား ယနေ့နံနက် ၁၀ နာရီအချိန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ အသေးစား အလတ်စား MSME  မှတ်ပုံတင်ကပ်ပြားများအား  ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန်ခြင်းနှင့် သစ်ပင်များ ပြိုလဲခြင်းကို တာဝန်ရှိသူများက ကူညီဆောင်ရွက်
Apr 21,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ယမန်နေ့ ည ၈ နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် မိုးနံတောကျေးရွာအုပ်စုအတွင်းရှိ သမှုန်းကုန်းကျေးရွာနှင့် သပြေလှကျေးရွာတို့တွင် လူနေအိမ်များအမိုးလန်ခြင်းနှင့် သစ်ပင်များပြိုလဲခဲ့ကြောင်း သိရသည်။