ဖြူး ဧပြီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မင်းကံရိုးကျေးရွာအုပ်စု၊ ရေသျှံလေးကျေးရွာနှင့် ခရမ်းကျေးရွာတို့တွင် မွေးမြူထားသော အသားတိုးဝက်များ မွေးမြူထားရှိမှုနှင့် ဆက်လက် ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အသားတိုးဝက်များ မွေးမြူထားရှိမှုမှာ တစ်ပိုင်တစ်နိုင် မွေးမြူထားခြင်းဖြစ်ပြီး ရေသျှံလေးကျေးရွာရှိ ဦးတင်ဝင်းမှာ အသားတိုးဝက်(၂၁)ကောင်နှင့် ခရမ်းကျေးရွာ၌ ဦးတင်ထွန်းမှာ အသားတိုးဝက်(၁၃)ကောင် မွေးမြူထားရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောမင်းသူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မွေးကုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ သွားရောက်ကြည့်ရှုအားပေး၍ အသားတိုးဝက်များ စနစ်တကျ မွေးမြူနိုင်ရေး မွေးမြူရေး နည်းလမ်းကောင်းများ၊ အစာဖြစ်သည့် နေဗီယာမြက်စိုက်ပျိုးနိုင်ရေးတို့ကို အသိပညာပေးပြီး မွေမြူရေးလုပ်ငန်းတိုးချဲ့နိုင်ရေးအတွက် ပံ့ပိုးချေးငွေများ ထုတ်ချေးပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)