ကဝမြို့နယ်တွင် အပူဒဏ်ကာကွယ်ရေးအကြောင်း အသိပညာပေး (Talk Show) ကျင်းပ

ကဝ ဧပြီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပူဒဏ်ကာကွယ်ရေးအကြောင်း အသိပညာပေး (Talk Show)ကို ယနေ့မွန်းလွဲ(၁)နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူးဦးဖြိုးဝေစံဦးက အပူဒဏ်အန္တရာယ်နှင့် ကျန်းမာရေးပြဿနာများအတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များ၊ အယ်လ်နီညိုဖြစ်စဥ်၏ ရာသီဥတုပူပြင်းမှုအကျိုးဆက်များ၊ အပူချိန်မြင့်မားမှုကြောင့် ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များနှင့် ရှောင်ရန်၊ ဆောင်ရန်များစသည့် အပူဒဏ်နှင့်ပတ်သက်သည့် အသိပညာပေးအကြောင်းအရာများ ကြိုတင်ကာကွယ်ရမည့် အချက်များအား ပြည်သူများ ​ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)