သတင်းများ

ဒေးဒရဲမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Apr 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ(၁)နာရီက ကျင်းပခဲ့သည်။
ညောင်လေးပင်မြို့နယ်ရှိ ဓမ္မရိပ်သာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံ
Apr 20,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ ဓမ္မရိပ်သာများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ
Apr 20,2023
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
သာပေါင်းမြို့နယ်အတွင်းရှိ ပြည်သူများအကြမ်းဖက်သမားများဘေးရန်မှကင်းဝေးပြီး အေးချမ်းသာယာလုံခြုံမှုရှိစေရေးအတွက် ဧည့်စာရင်းစစ်ဆေးခြင်းများ စဉ်ဆက်မပျက်ဆောင်ရွက်လျက်ရှိ
Apr 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများ အကြမ်းဖက်သမားများဘေးရန်မှကင်းဝေးပြီး အေးချမ်းသာယာလုံခြုံမှုရှိစေရေးအတွက် နယ်မြေလုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့မှ ယမန်နေ့ ည ၁၀ နာရီကစတင်၍ မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ကာ ဧည့်စာရင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ကြသည်။
ကျောင်းကုန်းမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Apr 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အေးချမ်းသာယာခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ အချိန်ခန့်က ကျင်းပ ပြုလုပ်ခဲ့သည်။
ကဝမြို့နယ်၌ ခွေးရူးပြန်ကာကွယ်ဆေး အခမဲ့ထိုးနှံပေး
Apr 20,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ခွေးကိုက်ခံရလျှင် လူနာများအား ခွေးရူးပြန်ရောဂါမဖြစ်ပွားစေရန်အတွက် ယနေ့နံနက်(၁၀)နာရီက ခွေးရူးပြန် ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံအတွင်းရှိ ပြင်ပလူနာဌာန၌ ထိုးနှံပေးခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စစ်ကြောင်း ၅ ကြောင်းဖြင့် ကွင်းဆင်းတွေ့ဆုံ
Apr 20,2023
ကန်ကြီးထောင့်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို လဟာကလူကျေးရွာအုပ်စု လဟာကလူကျေးရွာဓမ္မာရုံတွင် ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ပန်းတနော်၌ သားသတ်အရောင်းဆိုင်များနှင့် ကူးတို့များအား သတ်မှတ်ပေးထားသည့် စျေးနှုန်းများဖြင့် အများမြင်သာအောင် ချိတ်ဆွဲထားခြင်း ရှိ/ မရှိ လိုက်လံစစ်ဆေး
Apr 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်အတွင်း လိုင်စင်ထုတ်ပေးထားသော သားသတ်အရောင်းဆိုင်များနှင့် ကူးတို့များအား သတ်မှတ်ပေးထားသည့် စျေးနှုန်းများဖြင့် အများမြင်သာအောင် ချိတ်ဆွဲထားခြင်း ရှိ/ မရှိ လိုက်လံစစ်ဆေး ခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။