သတင်းများ

သာပေါင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်အသင်းတို့က အသန်စွမ်းသူများအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်
Apr 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်အသင်းတို့က အသန်စွမ်းသူများအား ယနေ့ ဧပြီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ပေးအပ်ကြသည်။
မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်များ ဗဟုသုတကြွယ်ဝစေရေး စာအုပ်ပြပွဲကျင်းပ
Apr 21,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် လူငယ်များ အသိပညာဗဟုသုကြွယ်ဝစေရေး ရည်ရွယ်၍ လူငယ်ရေးရာစာအုပ်ပြပွဲကို မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြသခဲ့သည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) လုပ်ငန်းများနှင့် ပတ်သက်၍  အားနည်းချက်/အားသာချက်များ သုံးသပ်ဆွေးနွေးပွဲပြုလုပ်
Apr 21,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP) လုပ်ငန်းများနှင့် ပတ်သက်၍၊ တွေ့ကြုံခဲ့သည့် အားနည်းချက်/အားသာချက်များ သုံးသပ်ဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့ ညနေ(၃:၃၀)နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ "မေသင်္ကြန်ဟိန် (မြစ်မခ)" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Apr 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့ ဧပြီလ ၂၀ ရက်နေ့ မွန်းလွှဲ ၁ နာရီအချိန်က စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူများအသင်း (Woman Club) အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ “မေသင်္ကြန်ဟိန်(မြစ်မခ)” ရေးသားသည့် “ဘာပဲဖြစ်ဖြစ် လှအောင်နေပါ၊ စာဖတ်ပါ” အောင်မြင်ရေးစာစုများ(၁၀)စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။
 ပွင့်ဖြူမြို့နယ်၌ ပြည်သူများ  အစားအစာဘေးကင်းလုံခြုံစေရေးအတွက် ကျန်းမာရေးဆိုးကျိုးဖြစ်စေသည့် စားသောက်ကုန်ပစ္စည်းများ  ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး
Apr 21,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ အစားအစာ ဘေးကင်းလုံခြုံစေရန်နှင့် စနစ်တကျ ဝယ်ယူစားသုံးတတ်စေရန် ရည်ရွယ်၍
လောင်းလုံးမြို့၌ မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များအခမဲ့ ဖြန့်ဝေခြင်းနှင့်( 191) စတေကာများ ကပ်နှိပ်ခြင်းများ ပြုလုပ်
Apr 21,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ပါက အလွယ်တကူ မီးငြှိမ်းသတ်န်ိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးအရာရှိ ဦးမျိုးဇော်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၇ နာရီအချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များအခမဲ့ ဖြန့်ဝေခြင်းနှင့် (191)စတေကာများ ကပ်နှိပ်ခြင်းများကို မြို့မစည်ပင်သာယာရေးစျေးနှင့် လမ်းဆုံလမ်းခွ၌ ပြုလုပ်သည်။
ကျိုက်ဒုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းကျင်းပ
Apr 21,2023
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယမန်နေ့ နံနက် ၁၀ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း ( Book Club) မှ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပသည်။
ရေပုတ်ကြီးကျေးရွာ၌ ဆံရစ်ဝိုင်းလူငယ်အဖွဲ့မှ အသက်ကြီးဘိုးဘွားများအား နေအိမ်အရောက် ပူဇော်ကန်တော့ပွဲ ကျင်းပ
Apr 21,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာ၌ ဆံရစ်ဝိုင်းလူငယ်အဖွဲ့မှ ရွာရှိ အသက်ကြီး အဘိုး၊ အဘွားများအား နေအိမ်အရောက် သွားရောက်ပူဇော် ကန်တော့ခဲ့ကြောင်း ဆံရစ်ဝိုင်း လူငယ်အဖွဲ့ခေါင်းဆောင် မပြုံးလေးထံမှ သိရသည်။