အိမ်မဲ ဧပြီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန Community Centre ခန်းမတွင် မြို့နယ်ပြန်/ဆက် ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန တို့ပူးပေါင်း ကျင်းပသည့် စားသုံးသူကာကွယ်ရေးဥပဒေအသိပညာပေး Talk Show ကို ယနေ့နံနက် (၁၀) နာရီတွင် ကျင်းပသည်။
ဆွေးနွေးပွဲတွင်တွင် အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က Talk Show ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိနှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးလေးလွင်တို့က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိ ဆောင်ရွက်နေမှုအကြောင်း၊ ကုန်အညွှန်းအမှတ်အသားအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် အသိပညာပေး ဆောင်ရွက်နေမှုအကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း Talk Show များ ရိုက်ကူးတင်ဆက်ပေးခြင်းကြောင့် ပြည်သူများ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာမည်ဖြစ်ပြီး Talk Show ဗီဒီယိုကို အိမ်မဲမြို့နယ် ပြည်သူ့စာကြည့်တိုက် Page တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။
ချစ်သက်လယ်(အိမ်မဲ)