သတင်းများ

ပေါက်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Apr 21,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဖန်ခါးမြေလက်ကမ်းစာစောင်များကို ယနေ့နံနက်(၇)နာရီအချိန်က လူစည်ကားရာနေရာများဖြစ်သည့် မြို့နယ်စည်ပင်သာယာဈေး၊ ယာယီပျံကျဈေးနှင့်မြို့ပေါ်(၄)ရပ်ကွက်သို့  မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေခဲ့ကြသည်။
မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁) ရပ်ကွက်အတွင်းရှိ အိမ်‌ထောင်စုစာရင်း‌ရှိ အခြေခံ လူတန်းစားများအား လစဉ်ထောက်ပံ့လှူဒါန်းပွဲ အခမ်းအနား ကျင်းပ
Apr 21,2023
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုး၊ဘွားများအား အိမ်ထောင်စုစာရင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၁၇၀)စုအနက် (၃၆)စုအား အဌမအကြိမ်မြောက် လစဉ်အလှည့်ကျ ဆန်၊ ဆီ၊ ကြက်ဥများ၊ ကြက်သွန်များနှင့်‌ ငွေသားများကို ယနေ့နံနက်ပိုင်းက အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင် ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန်အတွင်း ရေဝင်ရောက်မှုနည်းပါးသည့် အခြေအနေများအား ကြည့်ရှုစစ်ဆေး
Apr 21,2023
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင်၊ ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန်အတွင်း ရေဝင်ရောက်မှုနည်းပါးသည့် အခြေအနေကို ယမန်နေ့ မွန်းလွဲပိုင်းက လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
သီပေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်း ဆောင်ရွက်
Apr 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်များသို့  စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ် ပန်းထိမ်းကျေးရွာ၌ YMBA အသင်းခွဲ(၁၃) အမှုဆောင်ကော်မတီပြင်ဆင်ဖွဲ့စည်းရေးနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 21,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပန်းထိမ်းကျေးရွာအုပ်စု ပန်းထိမ်းကျေးရွာ အောင်နန်းမြေကျောင်းတိုက်တွင် အောင်နန်းမြေကျောင်းဆရာတော်ဘဒ္ဒန္တသုမနအားအမှူးပြုပြီး ပညာရေးဝန်ကြီးဌာန သုတေသနဦးစီးဌာန
လားရှိုးမြို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန် ကျောင်းသား/ကျောင်းသူများအား ထောက်ပံ့ပေးအပ်ပွဲကျင်းပ
Apr 21,2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန် ကျောင်းသား/ကျောင်းသူများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီက လားရှိုးခရိုင် ပညာရေးမှူးရုံး၌ ကျင်းပရာ လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ မြို့မိမြို့ဖများ၊ လူရည်ချွန်ဆုရ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် (၅၁)ကြိမ်မြောက်အဖြစ် မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးနိုင်ရန် သန့်ရှင်းရေးများ ဆောင်ရွက်
Apr 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး၊ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင်ဦးရွက်မှုနှင့် သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တပညာသီရိ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင် စသည့် မြို့ကြီးများမှ မျက်စိအထူးကု ဆရာဝန်ကြီးများက အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ် ကုသပေးခဲ့ရာ အကြိမ်(၅၀)ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
မိုင်းရယ်မြို့နယ် ဟိုခိုကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း စတုတ္ထအကြိမ် ပြန်လည်ထုတ်ချေး
Apr 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ထုတ်ချေးသည့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း Type-1 ကို ယမန်နေ့က  မိုင်း‌ကောင်အုပ်စု၊ ဟိုခိုကျေးရွာ၌ စတုတ္ထအကြိမ် ပြန်လည်ထုတ်ချေးခဲ့ကြောင်း သိရသည်။