ကဝ ဧပြီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)နှင့် သက်မွေး ဝမ်းကျောင်း သင်တန်းများ၏ သက်ဆိုင်သူပေါင်းစုံပါဝင်သော မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုမင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ကဝမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စုလှိုင်က သုံးသပ်ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင်အုပ်စု၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)နှင့် သက်မွေး ဝမ်းကျောင်းသင်တန်းများ၏သက်ဆိုင်သူများ ပါဝင်သောအဖွဲ့များ ကဏ္ဍအလိုက်ထုပ်ဖော် သုံးသပ်ဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲသို့ ကျေးရွာပေါင်း(၁၅)ရွာမှ စီမံကိန်းအဖွဲ့ဝင်(၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)