သတင်းများ

ဇေယျာသီရိမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်
Apr 20,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျောင်းသား/သူ ကလေးငယ်များ နွေရာသီကျောင်းပိတ်ရက်အတွင်း ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် အခြေခံလူ့ကျင့်ဝတ်များကို သိရှိစေရန် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာတွင် သက်ကြီးပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်ပွဲအထိမ်းအမှတ် အထူးဓမ္မသဘင်ပွဲကျင်းပ
Apr 20,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာတွင် သက်ကြီးပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်ပွဲ အထိမ်းအမှတ် အထူးဓမ္မသဘင်ပွဲကို ယမန်နေ့ ည ၇ နာရီက အဆိုပါကျေးရွာတွင် ယာယီမဏ္ဍပ်ဖြင့် တရားပွဲကျင်းပခဲ့သည်။
နမ္မတူမြို့နယ်တွင် ဘင်ခရာသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 20,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူများအချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့်
နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ နွေရာသီ(အခမဲ့)ကွန်ပျူတာသင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်
Apr 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တပညာလင်္ကာရ၏ ဦးဆောင်စီစဉ်မှုဖြင့် ဖွင့်လှစ်သော နွေရာသီ(အခမဲ့) ကွန်ပျူတာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက သဖန်းကိုင်းပရဟိတ အကယ်ဒမီ ဝိပဿနာ ဓမ္မရိပ်သာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယန်းမြို့၌ နယ်လှည့်စာကြည့်တိုက်ဝန်ဆောင်မှုဖြင့် သုတ၊ ရသ စာအုပ်၊ စာစောင်များ ငှားရမ်း
Apr 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ပြည်သူ့စာကြည့်တိုက်ဝန်ဆောင်မှုဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားရရှိစေရန်အတွက် ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့ပေါ်ရပ်ကွက်များရှိ ဌာနဆိုင်ရာရုံးများသို့ သုတ၊ ရသစာအုပ် စာစောင်များ လှည့်လည်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများနှင့် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်များကိုသိရှိစေရန် Talk Show ရိုက်ကူးထုတ်လွှင့်
Apr 20,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကလေးသူငယ်အခွင့်အရေးများနှင့် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်များကိုသိရှိစေရန် Talk Show ရိုက်ကူးထုတ်လွှင့်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။      
ပွင့်ဖြူမြို့နယ်တွင် ဘက်စုံထူးချွန်သော လူငယ်မောင်မယ်များ ဖြစ်လာစေရန် လူငယ်ရေးရာ အသိပညာပေး ( Talk Show ) ဆွေးနွေးပွဲ ကျင်းပဆောင်ရွက်
Apr 20,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဘက်စုံထူးချွန်သော လူငယ်မောင်မယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ပွင့်သာ‌မြေ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့တို့ ပူးပေါင်းပြီး ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာအသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းတုံခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲအခမ်းအနားကျင်းပ
Apr 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ အစည်းအဝေးခန်းမတွင် စစ်ဦးစီးတက္ကသိုလ်(ကလော)ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ကျော်မြဝင်းနှင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။