သတင်းများ

ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ ပုံပြင်ပြော၊ စကားပုံဆက်နှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများ ကျင်းပ
Apr 20,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း စာပေဖတ်ရှုသည့် အလေ့အထများ ပေါ်ထွန်းလာစေရေးနှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရေးရည်ရွယ်ကာ
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရုံး၌  “ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ” အသိပညာပေး နံရံကပ်စာစောင် ပြသ
Apr 20,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ဒေသနေပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်စေရန်အတွက်  ယနေ့ နေ့လည်ပိုင်းက “ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ” အသိပညာပေး နံရံကပ်စာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသထားကြောင်း သိရသည်။
ကလိန်အောင်မြို့တွင် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ရုပ်ပုံပြပုံ‌‌ပြောပြိုင်ပွဲ ဆောင်ရွက်
Apr 20,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန ( Community Centre )ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက် အားလပ်သောအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်၊  ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ရုပ်ပုံပြပုံပြောပြိုင်ပွဲကို ယမန်နေ့၊ နံနက် ၁၁ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်း ဆောင်ရွက်
Apr 20,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကလေးသူငယ်များနှင့် ဒေသနေပြည်သူများ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေး အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်း (၉)နာရီ အချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ် နှောပင်ကျေးရွာကိုယ်ထူကိုယ်ထဆေးပေးခန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
Apr 20,2023
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်  နှောပင်ကျေးရွာ  ကိုယ်ထူကိုယ်ထဆေးပေးခန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါဆေးပေးခန်းရှေ့၌ ကျင်းပပြုလုပ်သည်။
တနင်္သာရီတိုင်းဒေသကြီး၏၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Apr 20,2023
တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဟံသာမုနိလောကမာရဇိန်ဘုရား လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခြင်းနှင့် နှစ်(၁၀၀)ပြည့်ပွဲတော် ကျင်းပနိုင်ရေး အလှူငွေပေးအပ်လှူဒါန်း
Apr 20,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဟံသာမုနိလောကမာရဇိန်ဘုရား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူခြင်းနှင့် နှစ်(၁၀၀)ပြည့်ပွဲတော်ကျင်းပနိုင်ရန် အလှူငွေသိန်း(၁၅၀)ပေးအပ် လှူဒါန်းခြင်းနှင့် ပွဲတော်ဖြစ်မြောက်ရေး ဆပ်ကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မိုင်းရှူးမြို့၊ ဟံသာမုနိဘုရားကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့နယ်  ပင်တလည်ကျေးရွာတွင် စိုက်ပျိုးထားရှိသော ပန်းမုံလာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Apr 20,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆည်၊ မြောင်း၊ ချောင်းကန် ပေါများပြီး ဆန်စပါးကို အဓိကထား စိုက်ပျိုးကြကြောင်းနှင့် တောင်သူအချို့သည် အခြားဝင်ငွေရမည့် သီးပင်စားပင်များ စိုက်ပျိုးလျက်ရှိရာ ပင်တလယ်ကျေးရွာတွင် စိုက်ပျိုးထားရှိသော ပန်းမုံလာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။