ရေတာရှည်မြို့နယ်၌ သက်ငယ်မုဒိမ်းကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ရေတာရှည်  ဧပြီ   ၂၀

ပဲခူးတိုင်း​ဒေသကြီးတောင်ငူခရိုင်ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ​ခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဧပြီလ ၂၀ ရက်နေ့  နေ့လယ်ပိုင်းတွင် သက်ငယ်မုဒိမ်းကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။

ဟော​ပြောပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက ကလေးသူငယ်များအ​နေဖြင့် သက်ငယ်မုဒိမ်းကြိုတင်ကာကွယ်​ရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ သတိပြုရန်အချက်များအား ဟောပြောဆွေး​နွေးခဲ့ပြီးနောက် ဟောပြောပွဲသို တက်ရောက်လာကြသည့် က​လေးသူငယ်များက Community Centre ခန်းမတွင် ခင်းကျင်းပြသထားသည့် က​လေးအလုပ်သမားဆိုင်ရာသိမှတ်ဖွယ်ရာများ၊ သက်ငယ်မုဒိန်းကာကွယ်​ရေးအသိပညာနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ သိမှတ်ဖွယ်ရာ​ ပညာပေးနံရံကပ်စာ​စောင်များအား လေ့လာကြည့်ရှုခဲ့ကြ​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)