တံတား ဧပြီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ အမှတ်(၄)ရပ်ကွက်တွင် တိုင်းရင်းဆေးကုသဌာနမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုကို ယနေ့နံနက် (၁၀)နာရီအချိန်မှ နေ့လယ်(၁)နာရီအချိန်ထိ အခမဲ့ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကျန်းမာရေးစောင့်ရှောက်ပေးမှုကို တံတားမြို့တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးမှူးဦးအောင်ဟိန်းသူက ပူပြင်းလှသည့်နွေရာသီတွင် အပူဒဏ်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်သင့်သည့်အချက်များ၊ ရှောင်ကျင်ရမည့်အချက်များ၊ အပူဒဏ်အန္တရာယ်အထူးသတိပြုရမည့် လူပုဂ္ဂိုလ်များနှင့်ပက်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးဟောပြောခဲ့ပြီး တိုင်းရင်းဆေးဆိုင်ရာလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် လေးရပ်ကွက်အတွင်းရှိ အမျိုးသားလူနာ(၇)ဦး၊ အမျိုးသမီးလူနာ(၁၃)ဦး၊ စုစုပေါင်းလူနာ(၂၀)ဦးတို့အား တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ကွင်းဆင်း ဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (တံတားပြန်ဆက်)