နောင်တရားမြို့၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေးလုပ်ငန်းများဆောင်ရွက်
Jan 11,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့၌ မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီနှင့် မြေပြင်ကွင်းဆင်းကောက်ယူ ရေးအဖွဲ့(Working Group)များက နောင်တရားမြို့ ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာများတွင် အိမ်ထောင်စုလူဦးရေစာရင်းများကို ယနေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်း ကောက်ယူလျက်ရှိကြောင်း သိရသည်။