မောက်မယ် ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မွေတော်ရပ်ကွက် အခြေခံပညာ မူလတန်းကျောင်း၌ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါ ကျောင်းဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်ပညာရေးဌာနမှဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသား မိဘများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ Grade-5 ကျောင်းသား/ကျောင်းသူလေးများက “မြတ်ဆရာ” သီချင်းဖြင့်သီဆို ဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး အဆိုပါ အခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းဇော်ဦး က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွေတော်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းလှမြင့်က ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းပညာရေးသာမက အခြားဘက်စုံ ထူးချွန်ရေးတို့အတွက် မိဘ/ဆရာ/ကျောင်းသားတို့မှ ဆက်လက်ကြိုးစား ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကျောင်း၏ တိုးတက်ရာတိုးတက်ကြောင်း ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ရာ မွေတော် အ.မ.ကကျောင်းအုပ် ဆရာကြီး ဦးစိုင်းအေးနိုင်က မိမိကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ကျောင်းသား/ကျောင်းသူများ ဘက်စုံပညာ ထူးချွန်ရေးတို့အတွက် မိမိတို့ကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများမှ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး ကာယဉာဏထူးချွန်ဆုရရှိကြသည့် ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသားကျောင်းသူလေးများက တေးသရုပ်ဖော် တိုင်းရင်းသားရိုးရာအကအလှများဖြင့် သီဆိုဖျော်ဖြေ ကပြခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)