၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ပါဝင်ကြီးကြပ် ဆောင်ရွက်ခဲ့ကြသူများအား ကြိုဆိုနှုတ်ဆက်
Jan 11,2023
၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် တိုင်းဒေသကြီး/ပြည်နယ် ဂုဏ်ပြုယာဉ်ပထမဆုရရှိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး ဂုဏ်ပြုယာဉ် အားကြီးကြပ်တည်ဆောက်ခဲ့ကြသူများ၊ သရုပ်ဖော်သည့်အဖွဲ့၊ ယာဉ်နှင့်အတူ ကပြသည့်အဖွဲ့၊ ဖျော်ဖြေသည့်အဖွဲ့နှင့် တိုင်းဒေသကြီးပြခန်းနှင့် ဒေသထွက်ပစ္စည်းနှင့် ရိုးရာအစားအစာ အရောင်းပြခန်းဆောက်လုပ်ရာတွင် ကြီးကြပ်ခဲ့ကြသူများသည် ပုသိမ်မြို့သို့ ယမန်နေ့ညနေပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ကျောင်းသား၊ ကျောင်းသူများမှ ဂုဏ်ပြုကြိုဆို နှုတ်ဆက်ခဲ့ကြသည်။