လှည်းကူးမြို့နယ်၌ လူဦးရေစာရင်းမှန်ကန်ရေး မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်း စာရင်းကောက်ယူရေး ဆက်လက်ဆောင်ရွက်

လှည်းကူး ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ လူဦးရေစာရင်းမှန်ကန်ရေး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းကို ယနေ့နံနက်(၈)နာရီက မြို့နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် ဆက်လက်ကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်စာရေး၊ ရာအိမ်မှူး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများပါဝင်သည့် စာရင်းကောက်ယူရေးအဖွဲ့များက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများအလိုက် သတ်မှတ်စာရင်းပုံစံများဖြင့် လိုက်လံကောက်ယူလျက်ရှိသည်။

အဆိုပါမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာသို့ မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ရပ်ကွက်/ ကျေးရွာ များအလိုက် လိုက်လံကြီးကြပ်ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ ဆက်)