မိုင်းဖြတ်မြို့နယ်၌ နိုင်ငံဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများစာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်းပြုလုပ်

မိုင်းဖြတ် ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများသည် နိုင်ငံဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် နိုင်ငံဝန်ထမ်းများထားရှိရမည့် စံတန်ဖိုးသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဓာတ်ပုံကျွမ်းကျင်-၂ ဦးသန်းထွန်းအေးက ပြည်သူဗဟိုပြု နိုင်ငံ့ဝန်ထမ်းများဖြစ်လာစေရန် ကတိကဝတ်ပြုခြင်းခေါင်းစဉ်ပါ အကြောင်းအရာများကို ဖတ်ကြားရှင်းလင်းခဲ့ သည်။

ဆက်လက်၍ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နန်းကောက်ခမ်းကလုပ်ငန်းတာဝန်များကို ဇွဲ၊ လုံ့လ၊ ဝီရီယဖြင့်တိကျမှန်ကန် မြန်ဆန်ထိရောက်စွာ ဆောင်ရွက်ခြင်းခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ဟောင်းနန်းက ဆန်းသစ်တီထွင်နိုင်မှုနှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ရှိခြင်း ခေါင်းစဉ်ပါအကြောင်းအရာများကိုလည်းကောင်း၊ လုပ်သားရုပ်သံ ဒေါ်နှင်းနုထွေးက ရိုးသားဖြောင့်မတ်ခြင်း၊ ဂုဏ်သိက္ခာရှိခြင်းနှင့် ယုံကြည်ထိုက်ခြင်း ခေါင်းစဉ်ပါအကြောင်းအရာများကိုလည်းကောင်း အသီးသီးဖတ်ကြားရှင်းလင်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)