ပင်းတယ ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ စာပေချစ်မြတ်နိုးသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စာပေဝါသနာရှင်များ၊ ဌာနဆိုင်ရာများ စသည်တို့မှ မအားမလပ်၍ မိမိတို့ဌာန၏ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအတွက် ရည်ရွယ်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့သိုဆောင်ရွက်ရာတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်မှ အမှာစကားပြောကြားပေးပြီး ဝန်ထမ်းများက စာအုပ်၊ စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့ပြီး မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များအား ပြသပေးခဲ့ရာ ကျောင်းသား/သူများ စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
အောင်ကိုဦး(ပြန်/ဆက်)