သတင်းများ

ရွှေတောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုချီးမြှင့်ပွဲကျင်းပ
Jan 11,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာအထက်တန်း ရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပခဲ့သည်။
နွားထိုးကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး
Jan 11,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါ ဝင်သော စစ်ကြောင်း(၅)ကြောင်းနှင့်
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမ၌ “ သက်ရှည်ကျန်းမာစေဖို့ လမ်းလျှောက်ကြပါစို့ ” အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Jan 11,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ “ သက်ရှည်ကျန်းမာစေဖို့ လမ်းလျှောက်ကြပါစို့ ” အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ယနေ့နံနက် ၁၀ နာရီ အချိန်က လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်၌ လူဦးရေးစာရင်းမှန်ကန်ရေး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေး ဆက်လက်ဆောင်ရွက်
Jan 11,2023
ရန်ကုန်တိုင်း​ဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ လူဦး​ရေစာရင်းမှန်ကန်​ရေး​ မြေပြင်တစ်အိမ်တက်ဆင်း​ကွင်းဆင်းစာရင်း​ကောက်ယူခြင်းကို ယမန်နေ့က မြို့နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာများအလိုက်ဆက်လက်ကွင်းဆင်း​ ဆောင်ရွက်လျက်ရှိသည်။
ဘုတ်ပြင်းမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိရှိလိုက်နာစေရေး အသိပညာပေးဆောင်ရွက်
Jan 11,2023
ဘုတ်ပြင်းခရိုင်၊  ဘုတ်ပြင်းမြို့၌ မော်တော်ကား၊ မော်တော်ဆိုင်ကယ် စီးနှင်းမောင်းနှင်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ မောင်းနှင်နိုင်ရေး ပူးပေါင်းအဖွဲ့များဖြင့် အသိပညာပေး ဆောင်ရွက်ခြင်း ယမန်နေ့က မြို့ပေါ်ရပ်ကွက်များရှိဘဏ်လမ်းဆုံ၌ အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 11,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား၊ကျောင်းသူများ ကျောင်းစာအပြင် အသိပညာ ဗဟုသုများ ရရှိစေရန် ယနေ့နံနက်၉နာခွဲက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ်၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Jan 11,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ယနေ့နံနက် ၉ နာရီ အချိန်က အခြေခံပညာအထက်တန်း (ဝေါအရှေ့)ကျောင်းတွင် ပညာသင်ကြားနေသော အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တွံတေးမြို့နယ်၌ မြေပြင်စာရင်းကောက်ယူမှုအိမ်ထောင်စု(၁၄၅၁၃)စု လူဦးရေး (၆၀၈၇၅)ထိ ကောက်ယူပြီးစီး
Jan 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ လူဦးရေစာရင်း မှန်ကန်စေရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးရန်အတွက် ရပ်ကွက်၊ ကျေးရွာများအတွင်း မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်း စာရင်းကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်၍ မြို့နယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာများတွင် ဒုတိယနေ့အဖြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။