သာပေါင်း ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ (၂/၂၀၂၃)အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်း(၂/၂၀၂၃)အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဝင်း၊ အဖွဲ့ဝင် (၁)ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင်(၂)ဦးကျော်တိုး၊ အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်ဇော်တို့မှ ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃)ပြုလုပ်ရာ လုံခြုံရေး အလေးထားဆောင်ရွက်ရန်၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူမှု တာဝန်ပေးအပ်ထားသည့် ရပ်ကွက်၊ ကျေးရွာ အုပ်စုအလိုက် ကြီးကြပ်ကွင်းဆင်းဆောင်ရွက်ရန်၊ နေကြာလျာထားဧက ပြည့်မီရေး ဖြစ်ထွန်းမှု ဓာတ်ပုံ မှတ်တမ်းဖြင့် ပြုစုတင်ပြရန်၊ တစ်ဦးချင်း စာရင်းပြုစုတင်ပြရန်၊ နိုင်ငံစီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါး၊ ပဲတီစိမ်း သွင်းအားစု စာချုပ်ချုပ်ဆိုရေး၊ လျာထားချက် ပြည့်မီရေး ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ရန်တို့ကို မှာကြားဆွေးနွေးပြီး ကဏ္ဍအလိုက် ပြန်လည် ဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်