နောင်တရား ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့၌ မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီနှင့် မြေပြင်ကွင်းဆင်းကောက်ယူ ရေးအဖွဲ့(Working Group)များက နောင်တရားမြို့ ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာများတွင် အိမ်ထောင်စုလူဦးရေစာရင်းများကို ယနေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်း ကောက်ယူလျက်ရှိကြောင်း သိရသည်။
နောင်တရားမြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ ကောက်ကွက်စုရပ် အသီးသီးနှင့် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့များက အိမ်ထောင်စု လူဦးရေစာရင်းကောက်ယူခြင်းလုပ်ငန်းကို ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်အထိ စာရင်းကောက် ယူသွားမည်ဖြစ်သည်။
အိမ်ထောင်စု လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူနေမှုများကို နောင်တရားမြို့ မြို့ အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမူရေးအသင်းအဖွဲ့များက ပူးပေါင်းပါဝင် ဆောင်ရွက်ကြကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)