သတင်းများ

သာစည်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် တာဝန်ရှိသူများနှင့် ရွာမွန်သာကျေးရွာ ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး
Jan 11,2023
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်ပြီး    မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ရွာမွန်သာကျေးရွာ ဒေသခံပြည်သူများ ယမန်နေ့  နံနက် ၁၀  နာရီက တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သာယာဝတီမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး
Jan 11,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ် Mobile သုံးဘီးယာဉ်ဖြင့် ပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများအား စာအုပ်များ ငှားရမ်းဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ
အိမ်မဲမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၀၂)အုပ်စု၌ လူဦးရေစာရင်းများ မှန်ကန်စေရေး မြေပြင်ကွင်းဆင်းအဖွဲ့များက စာရင်းများ ဆက်လက် ကောက်ယူလျက်ရှိ
Jan 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် လူဦးရေစာရင်းများ မှန်ကန်စေရေး အတွက် မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းများကို ဇန်နဝါရီလ (၉)ရက်နေ့မှ စတင်ကာ စာရင်းကောက်ယူရေးအဖွဲ့ (၁၀၂)ဖွဲ့ဖြင့် တစ်အိမ်တက်ဆင်း စာရင်းများကို ယနေ့တွင် ဆက်လက် ကောက်ယူလျက်ရှိသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် မြိတ်တက္ကသိုလ်တည်ထောင်ခြင်း (၂၄)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားနှင့် သုတေသန စာတမ်းဖတ်ပွဲ တက်ရောက်ဂုဏ်ပြု
Jan 11,2023
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် စောသန်းလှိုင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မြိတ်တက္ကသိုလ်တွင် ကျင်းပသည့် တက္ကသိုလ်တည်ထောင်ခြင်း (၂၄)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားနှင့် သုတေသနစာတမ်းဖတ်ပွဲသို့ တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။
ဝါးခယ်မမြို့နယ်၌ မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်စေရန် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်
Jan 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယနေ့နံနက် ၉ နာရီအချိန်က မြေပြင်လူဦးရေ စာရင်းများ တိကျမှန်ကန်စေရန်အတွက် ကွင်းဆင်းကောက်ယူစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြောက်ဦးမြို့၌ ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
Jan 11,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေး စုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နေ့လည် ၁ နာရီအချိန်က အောင် တပ်ရပ်ကွက် (အ.ထ.က-၂)ကျောင်း‌ ‌ဂေါ်သဇင်အဆောင် စာသင်ဆောင်ရှေ့ ကွင်းပြင်၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ် အ.မ.က(၁၉)ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကျင်းပ
Jan 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီကအ.မ.က(၁၉)ကျောင်းတွင် ကျင်းပခဲ့သည်။
တောင်သာမြို့၌ အိမ်တောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး (Working Group) ရှေ့ပြေးကွင်းဆင်းစာရင်း ကောက်ယူရေး ကွင်းဆင်းဆောင်ရွက်
Jan 11,2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် အိမ်တောင်စု လူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး (Working Group) ရှေ့ပြေးကွင်းဆင်းစာရင်းကောက် ယူရေးကွင်းဆင်းဆောင်ရွက်နေမှုများကို ယနေ့ နံနက် ၉ နာရီ အချိန်က  တောင် သာမြို့၊ အမှတ်(၁)ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။