သတင်းများ

ကျောင်းကုန်းမြို့၌ ထရန်စဖော်မာများ ကြံခိုင်မှုရှိစေရေး ထိန်းသိမ်းဆောင်ရွက်
Jan 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ဓာတ်အားခွဲရုံ ထရန်စဖော်မာများနှင့် အများပြည်သူအား ဖြန့်ဖြူးထားသည့် (၁၁/၀.၄)kv ထရန်စဖော်မာများ၊ (၃၃/၀.၄)kv ထရန်စဖော်မာများအား ကြံ့ခိုင်မှုရှိစေရေးအတွက် ပုံမှန်ထိမ်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊
ကျောက်ဆည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေး စုံညီပွဲတော် ကျင်းပ
Jan 11,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် ၉ နာရီ(ခွဲ)က အမှတ်(၁)အ‌ခြေခံပညာ အထက်တန်းကျောင်း သုံးထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် မွေးကင်စမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး၊ ငါးမျိုးစပ် ကာကွယ်ဆေးများဆက်လက်ထိုးနှံပေး
Jan 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် မွေးကင်စမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ငါးမျိုးစပ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို  ယနေ့ နံနက်(၀၉:၀၀)နာရီအချိန်က မြို့နယ်ဒေသန္တရကျန်းမာရေးဌာနခွဲတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလေးများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံ
Jan 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးကို ယနေ့နံနက် ၁၀နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။
သာစည်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် တာဝန်ရှိသူများနှင့် ရွာမွန်သာကျေးရွာ ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး
Jan 11,2023
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်ပြီး    မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ရွာမွန်သာကျေးရွာ ဒေသခံပြည်သူများ ယမန်နေ့  နံနက် ၁၀  နာရီက တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သာယာဝတီမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး
Jan 11,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ် Mobile သုံးဘီးယာဉ်ဖြင့် ပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများအား စာအုပ်များ ငှားရမ်းဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ
အိမ်မဲမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၀၂)အုပ်စု၌ လူဦးရေစာရင်းများ မှန်ကန်စေရေး မြေပြင်ကွင်းဆင်းအဖွဲ့များက စာရင်းများ ဆက်လက် ကောက်ယူလျက်ရှိ
Jan 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် လူဦးရေစာရင်းများ မှန်ကန်စေရေး အတွက် မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းများကို ဇန်နဝါရီလ (၉)ရက်နေ့မှ စတင်ကာ စာရင်းကောက်ယူရေးအဖွဲ့ (၁၀၂)ဖွဲ့ဖြင့် တစ်အိမ်တက်ဆင်း စာရင်းများကို ယနေ့တွင် ဆက်လက် ကောက်ယူလျက်ရှိသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် မြိတ်တက္ကသိုလ်တည်ထောင်ခြင်း (၂၄)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားနှင့် သုတေသန စာတမ်းဖတ်ပွဲ တက်ရောက်ဂုဏ်ပြု
Jan 11,2023
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် စောသန်းလှိုင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မြိတ်တက္ကသိုလ်တွင် ကျင်းပသည့် တက္ကသိုလ်တည်ထောင်ခြင်း (၂၄)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားနှင့် သုတေသနစာတမ်းဖတ်ပွဲသို့ တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။