သာပေါင်းမြို့နယ် စိုက်တိုးမြှင့်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ နေကြာသီးသန့် စိုက်ကွင်းဖြစ်ထွန်းနေမှု အခြေအနေအား ကြည့်ရှုအားပေး

သာပေါင်း ဇန်နဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်တိုးမြှင့်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ နေကြာသီးသန့် စိုက်ကွင်းဖြစ်ထွန်းနေမှု အခြေအနေအား ယမန်နေ့မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အချိန်က ကြည့်ရှုအားပေးခဲ့သည်။

မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ၊ စိုက်တိုးမြှင့်ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ် စိုက်ပျိုး‌ရေးဦးစီးအရာရှိ၊ စိုက်တိုးမြှင့်ကော်မတီအတွင်း‌ရေးမှူး ဦးမျိုးမြင့်လွင်၊ ကျေးရွာ စိုက်တိုးမြှင့်ကော်မတီအဖွဲ့တို့က ဇီးဖြူကွင်းကျေးရွာအုပ်စု၊ ဇီးဖြူကွင်းကျေးရွာ၊ ကွင်းအမှတ် (၆၉၆)၊ တောင်သူဦးစောအောင် စိုက်ပျိုးထားရှိသော နေကြာသီးသန့် (၁.၅)ဧက ဖြစ်ထွန်းနေမှု အခြေအနေအား ကြည့်ရှုအား‌ပေးပြီး မြေသားဘောင် ပြုလုပ်ရန်၊ နေကြာပင်ပေါက် သားခွဲရန်၊ ရွက်ဖျန်းမြေသြဇာ ပက်ဖျန်းရန်မှာ ကြားဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်