သတင်းများ

စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ပြပွဲ ကျင်းပ
Jan 11,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီမှစ၍ ညနေပိုင်းအထိ ကျင်းပပြုလုပ်လျက်ရှိသည်။
ဆန်၊ ဆီ၊ နှင့်အခြားစားသောက်ကုန်များစျေးနှုန်းချိုသာစွာ ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ ရောင်းချပေး
Jan 11,2023
နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူပြုစေရန်အတွက် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများဝယ်ယူနိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကန့်ဘလူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်မှုဖြင့် ဆန်၊ ဆီနှင့် အခြားစားသောက်ကုန်များကို ယနေ့ နံနတ် ၇ နာရီက စည်ပင်သာယာခန်းမ၌ ရောင်းချပေးလျက်ရှိသည်။
ကျွန်းလှမြို့နယ်၌ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိ
Jan 11,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင် ကွင်းဆင်းကောက်ယူခြင်းကို ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် စာရင်းကောက်ယူရေး အဖွဲ့များက ဆက်လက် ကောက်ယူလျက်ရှိကြောင်း သိရသည်။
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Jan 11,2023
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြည်သူများအသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့၀င်များ ပူးပေါင်း၍ ဆရာ လူထုစိန်ဝင်း ရေးသားသည့် ပညာနဲ့လူမျိုးကိုစောင့်ရှောက်ပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ကွတ်ခိုင်မြို့၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ဉာဏထူးချွန်ဆုများ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jan 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ကာယ၊ ဉာဏ ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီ အချိန်က အ.ထ.က(ခွဲ)၊အ.လ.က(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းယန်းမြို့ ပါမိုင်အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပညာရည် ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 11,2023
ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ကာကွယ်နိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၊ ပါမိုင်အခြေခံပညာမူလတန်း(လွန်) ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေး စုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းကွင်းပြင်၌ ကျင်းပသည်။
ဆီထွက်သီးနှံမိုးနေကြာ တောင်သူပညာပေးစံပြကွက် အထွက်နှုန်းတိုင်းတာခြင်း ကွင်းဆင်း ဆောင်ရွက်
Jan 11,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်မြောက် ထီဗွာကျေးရွာအုပ်စု၊ တကူမို့ကျေးရွာ ကွင်းအမှတ်-၄၊ ဦးပိုင်၄၆/၁ရှိ တောင်သူဦးသန်းကျော်၏ မိုးနေကြာတောင်သူပညာပေးစံပြကွက် ၁.၀၀ ဧကတွင် စိုက်ပျိုးထားသည့် မိုးနေကြာစိုက်ခင်းအား အထွက်နှုန်းခန့်မှန်းထွက်ရှိမှုသိနိုင်ရန်အတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ ပူးပေါင်း၍ စံကွက်ရိတ်သိမ်းမှုကို ယနေ့နံနက်ပိုင်းက သွားရောက်ဆောင်ရွက်ခဲ့ကြသည်။
နောင်ချိုမြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့် ရှောက်မှုပေးခြင်းပြုလုပ်ဆောင်ရွက်
Jan 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံတွင် အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။