ယင်းမာပင်မြို့၌ အပီတာ တာရာသရီးအစီအစဉ်ဖြင့် အရန်ဆန်ရိက္ခာနှင့်ဆပ်စပ် ပစ္စည်းများပေးအပ်လှူဒါန်း
Feb 05,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က APTERR Tier 3 (အပီတာ တာရာ သရီး) အစီအစဥ်ဖြင့် အရန်ဆန်နှင့်ဆက်စပ်ပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကျင်းပရာ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးဆန်းမော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။