သတင်းများ

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ဗန်းမော်ခရိုင်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိများ၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီး ဌာနများနှင့်တွေ့ဆုံ၊ ကမ်းသာယာကန် နှင့် ပန်းခြံတိုးချဲ့ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး
Feb 05,2023
ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်သည် ဗန်းမော်ခရိုင်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိများ၊ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိဦးစီးဌာနများမှ ခရိုင်ဦးစီးမှူးများနှင့်တွေ့ဆုံပြီး မေတ္တာမွန်ရေကန်(ဂေါ်ရာကန်)နှင့် ပန်းခြံသာယာလှပရေးတိုးချဲ့ဆောင်ရွက် သွားမည့်အစီအစဉ်များကို ယမန်နေ့မွန်းလွဲ ၁နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မိုးညှင်းမြို့နယ်ရှိ သမိုင်းဝင်တန်ခိုးကြီးဘုရားဖြစ်သည့် ရွှေမဉ္ဇူ(အင်းတော်ကြီး) ရေလယ်ဘုရားတွင် တပို့တွဲလပြည့်နေ့၌ ဘုရားအနေကဇာတင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Feb 05,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ရှိ သမိုင်းဝင်တန်ခိုးကြီးဘုရားဖြစ်သည့် ရွှေမဉ္ဇူ (အင်းတော်ကြီး) ရေလယ်ဘုရား၌ ဘုရားအနေကဇာတင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နံနက် (၉)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
ကချင်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယကအဖွဲ့ဝင်များ ဗန်းမော်မြို့နယ်အတွင်း အမျိုးသမီးငယ်များဘဝတိုးတက်မြင့်မားရေးနှင့် က လေးငယ်များကျန်းမာကြံ့ခိုင်ပြီးဖွံ့ဖြိုး မှုမြင့်မားလာစေရေး ကွင်းဆင်းဆောင်ရွက်‌
Feb 05,2023
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်အတွင်း အမျိုးသမီးငယ်များဘဝတိုးတက်မြင့်မားလာရေးနှင့်ကလေးငယ်များကျန်းမာကြံ့ခိုင်ပြီး ဖွံ့ဖြိုးမှုမြင့်မားလာစေရေးအတွက် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယက၊ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးဒေါ်နန်ဆိုင်းနှင့် နာယကအဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲ ၂ နာရီက ဗန်းမော်မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ ကြသည်။
သရက်မြို့၌ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း ၌ တက္ကသိုလ်ဝင်(G-5,9)စာမေးပွဲ ကြီးကြပ်ရေးမှူး ၊ လက်ထောက်ကြီးကြပ်ရေးမှူး ဆင့်ပွားသင်တန်းဖွင့်လှစ်
Feb 05,2023
မကွေးတိုင်း ဒေသကြီး သရက်မြို့၌ တက္ကသိုလ်ဝင်(G-5.9) စာမေးပွဲကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူး ဆင့်ပွားသင်တန်းဖွင့်ပွဲ ကျင်းပခြင်းကို ယမန်နေ့နံနက် (၉)နာရီက အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ပေးခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဗန်းမော်နှင့် မံစီမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုန်လုပ်မှုများတိုးတက်မြင့်မားလာစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Feb 05,2023
ဗန်းမော်ခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စားစက်မှုလက်မှုလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများ တိုးတက်မြှင့်မားလာစေရေး၊ ဆီထွက်သီးနှံနေကြာအပါအဝင် လယ်သီးထပ်သီးနှံများ စိုက်ပျိုးထုတ်လုပ်နေမှုအ ခြေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ ဖေဖော်ဝါရီ ၃ ရက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်
Feb 05,2023
(၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် မျိုးဆက်သစ် အားကစားသမား ကောင်းများ ပေါ်ထွန်းလာစေရေးရည်ရွယ်၍ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် ဖူဆယ်ပြိုင်ပွဲကျင်းပ
Feb 05,2023
၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးရည်ရွယ်၍ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် ဖူဆယ်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပလင်းကမ်းသာယာဆင်စခန်းရှိဆင်များအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း Online မှတဆင့်ဆက်သွယ်၍ဆင်စာဘူဖေးကျွေးမှု (၅၈၀)ကြိမ်ရှိ
Feb 05,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊အ‌နောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင်ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်း၌ ကိုဗစ်-၁၉ ရောဂါကာလအတွင်း မြန်မာပြည်အရပ်ရပ်မှဆင်ချစ်သူများက Onlineမှတဆင့် ဆက်သွယ်၍  ဆင်စာဘူဖေးကျွေးမှုများပြားလာကြောင်း  ပလင်းကမ်းသာယာဆင်စခန်းတာဝန်ရှိသူများထံကသိရသည်။