မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၁၁)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲ အခမ်းအနားတက်ရောက်
Feb 05,2023
မွန်ပြည်နယ်အတွင်း မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို နှစ်စဉ် တပို့တွဲလရောက်ရှိတိုင်း အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ မွန်ပြည်နယ်၏ (၁၁)ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၃ ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ သံလွင်ဥယျာဥ်၊ တောင်ဘက်ကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်အစိုးရ အဖွဲ့၀င်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။