သတင်းများ

ငပုတောမြို့နယ်  သရက်ချောင်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း အသင်းဝင်သူစာရင်း ကောက်ယူခြင်းနှင့် အသိပေးရှင်းလင်းခြင်းဆောင်ရွက်
Feb 05,2023
ဧရာတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊  ငပုတောမြို့နယ် ဟင်းအိုးချောင်းကျေးရွာအုပ်စု၊ သရက်ချောင်းကျေးရွာတွင် ​အရင်းမပျောက် လည်ပတ်မြစိမ်းရောင်စီမံကိန်း အသင်းဝင်သူစာရင်းကောက်ခြင်းနှင့် အသိပေးရှင်းလင်းခြင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂)နာရီ အချိန်က ရေငံ-သရက်ချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုးနဲမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်
Feb 05,2023
(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ် လွိုင်မြေရပ်ကွက် ဆရာစံလမ်း ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါကွန်ကရစ်လမ်းမုခ်ဦးနေရာ၌ ကျင်းပရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့် စပ်လျဉ်း၍ အဖွင့်အမှာ စကားပြောကြားသည်။
သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ Youth Club ဖြင့်စာဖတ်ဝိုင်းပြုလုပ်
Feb 05,2023
ရခိုင်ပြည်နယ်၊ သံတွဲလူထုအခြေပြုဗဟိုဌာန (Community Centre)၌ Youth Club  ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ ၃ နာရီကအဆိုပါ အဆောက်အအုံအစည်းအဝေးခန်းမ ၌ပြုလုပ်ခဲ့သည်။ ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက လူငယ်များအချိန်ကို တန်ဖိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန်အတွက်ရည်ရွယ်၍ စာဖတ်ဝိုင်းများ ပြုလုပ်ပေးနေခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
သထုံမြို့နယ်တွင် (၇၆) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပ
Feb 05,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်၏ (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို သုဝဏ္ဏဝတီမြို့၊သိမ်ဆိပ်ရပ်ကွက်၊ မင်းတဲစုရပ် အမက(လွန်)ကျောင်း၌ ယနေ့နံနက်က အကျဉ်းချုံ့၍ကျင်းပခဲ့ကြောင်း သိရသည်။
မင်းလှမြို့၌ မြန်မာနိုင်ငံမိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်း၏ (၃၂)ကြိမ်မြောက်နှစ် ပတ်လည်အစည်းအဝေးအား မြို့နယ် မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်းမှ ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ
Feb 05,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်း၏ (၃၂)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးအား မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှထပ်ဆင့်ရှင်းလင်းခြင်းကို ယမန်နေ့ နေ့လယ် ၁နာရီက  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။                                                                                                                                                             
ကျိုက်မရောမြို့နယ်တွင် (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားစည်ကားသိုက်မြိုက်စွာ ကျင်းပ
Feb 05,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့ အလံတင် အခမ်းအနားကို ယနေ့နံနက် ၅ နာရီ က ကျိုက်မရောမြို့ ဆုတောင်းပြည့် ဘုရားကြီးဝင်းအတွင်းရှိ မွန်အမျိုးသားနေ့ မဏ္ဍပ်၌ ကျင်းပပြုလုပ်သည်။
မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူမှုလုပ်ငန်းပြီးမြောက်ခြင်း ဂုဏ်ပြုပွဲအခမ်းအနား မင်းတပ်မြို့၌ကျင်းပ
Feb 05,2023
မင်းတပ်မြို့၌ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူမှု လုပ်ငန်းပြီးမြောက်ခြင်း ဂုဏ်ပြုပွဲအခမ်းအနားကို ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ယမန်နေ့ နံနက် (၁၀)နာရီအချိန်တွင် ကျင်းပသည်။
စစ်ကိုင်းမြို့တွင် တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းဆင်းပွဲ ကျင်းပ
Feb 05,2023
စစ်ကိုင်းမြို့တွင် တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်း ဆင်းပွဲကို စစ်ကိုင်းမြို့၊ မျက်မမြင်ကျောင်းရှိ အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။