ယင်းမာပင် ဖေဖော်ဝါရီ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က APTERR Tier 3 (အပီတာ တာရာ သရီး) အစီအစဥ်ဖြင့် အရန်ဆန်နှင့်ဆက်စပ်ပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကျင်းပရာ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးဆန်းမော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
လှူဒါန်းပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ " ယခုလှူဒါန်းတဲ့ဆန်တွေကို စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ (APTERR Tier 3) အစီအစဥ်ဖြင့် ဂျပန်နိုင်ငံနဲ့ ကိုရီးယားသမ္မတနိုင်ငံတို့မှ လှူဒါန်းထားသည့် အရန်ဆန်ရိက္ခာနဲ့ ဆက်စပ်ပစ္စည်းများကို ယင်းမာပင်မြို့နယ် အတွင်းရှိ ပြည်သူများအတွက် ဆန်တန်ချိန် ၉တန်နှင့်အတူ အသင့်စားဆန်ထုပ် ၉၀၀၊ (အပ်စိုက်ကယ်ဘက်စ်) ၂၀ အိတ်တို့ကို လှူဒါန်းပေးခြင်းဖြစ်ပါတယ် " ဟု ခရိုင်ဥက္ကဋ္ဌ ဦးဆန်းမော်ကရှင်းလင်းပြောကြားသည်။
ဂျပန်နိုင်ငံနှင့်ကိုရီးယားသမ္မတနိုင်ငံများမှ ပေးပို့လှူဒါန်းထားသည့် အရန်ဆန်ရိက္ခာနှင့် ဆက်စပ်ပစ္စည်းများကို ခရိုင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယင်းမာပင်မြို့နယ်အတွင်းရှိ ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်