သတင်းများ

ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်
Feb 06,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရပ်ကွက် / ကျေးရွာများအလိုက် သတ်မှတ်စုရပ်နေရာများတွင် ထိုးနှံပေးခဲ့ကြသည်။
နံသာတောင်ပညာဒါန ပရဟိတကျောင်း၏ (၁၀)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကျင်းပ
Feb 06,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နံသာတောင်ပညာဒါန ပရဟိတကျောင်း၏ (၁၀)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ရာ ခရိုင်ပညာရေးမှူး ဦးချစ်သိန်း၊ မြို့နယ်ပညာရေးမှူး ဦးအောင့်မြင့်သိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရားအား ဒုတိယအကြိမ်မြောက် ရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ကပ်လှူ
Feb 06,2023
မန္တလေးမြို့၊ မန္တ‌လေးတောင်ခြေရှိ၊ ဘဝရှင်မင်းတရားကြီး တည်ထားကိုးကွယ်တော်မူခဲ့သော မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရား၏ ဒုတိယအကြိမ်မြောက်ရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပွဲနှင့် ရက်ကန်းရုံတော်ကြီးဖွင့်ပွဲ အခမ်းအနားကို ဖေဖေါ်ဝါရီလ ၃ ရက်နေ့ နံနက် ၉ နာရီက အဆိုပါကျောက်တော်ကြီးဘုရား ရင်‌ပြင်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လိုင်စင်များလေလံရောင်းချပွဲအခမ်းအနားကျင်းပ
Feb 05,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် ( ၂၀၂၃ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ် မတ်လအထိ) ကာလအတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်(၆၅)ခုကို စျေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးခန်းမ တွင်ကျင်းပခဲ့သည်။
(၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃) ကျင်းပ
Feb 05,2023
၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၃)ကို ယမန်နေ့ နံနက်(၁၀)နာရီခွဲအချိန်က တောင်ကြီးမြို့ ၊  ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လမ်းမတော်မြို့နယ်တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပုံပြောပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ အခမ်းအနားကျင်းပ
Feb 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပုံပြောပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက လမ်းမတော်မြို့နယ် Community ခန်းမတွင် ကျင်းပပြုလုပ်သည်။
စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်သည့် (လမ်းတံတား ၂၆) မျိုး ဆောင်ရွက်ရာရာခိုင်နှုန်းပြည့်ပြီးစီး
Feb 05,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သည့်လမ်းနှင့်တံတားများကို မြို့ နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီသာယာလှပစေရန်အတွက် ရပ်ကွက်များအတွင်းရှိ လမ်း(၁၆)လမ်းနှင့်တံတား (၁၀)စင်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးခဲ့ကြောင်းသိရသည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ မြန်မာ့ရိုးရာယဉ်ကျေးမှု ထမနဲထိုးပြိုင်ပွဲ ကျင်းပ
Feb 05,2023
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၄ ခုနှစ်၊ တပို့တွဲလ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိကွင်း၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး တက်ရောက်အားပေးကြည့်ရှုခဲ့ပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။