သတင်းများ

လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၌ တတိယအကြိမ်မြောက် မဟာမြတ်မုနိ နှီးဘုရားပုံတူ ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကျင်းပ
Feb 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၌ ယနေ့နံနက်(၉)နာရီ အချိန်က တတိယအကြိမ်မြောက် မဟာမြတ်မုနိနှီးဘုရားပုံတူတော်အား ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ပြည်နယ်/ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
ပင်လုံမြို့၌ (၁၇) ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်လောင်းလှူပွဲကျင်းပ
Feb 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် တည်ထားကိုးကွယ်အပ်သော မဟာရဌာဘိသာမဂ္ဂီစေတီတော်မြတ်ကြီး၏ (၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နံနက် (၉) နာရီ အချိန်က စတင်ကျင်းပခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးစီးကျင်းပသော မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ
Feb 05,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးစီးကျင်းပသော မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ လ ၃ ရက် မွန်းလွဲ ၃ နာရီက ရွှေမော်ဓေါစေတီတော်မြတ်ကြီး၏ ယာဥ်ရပ်နားဝန်းစခန်း၌ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။
ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများကလပြည့်နေ့တိုင်း အရုဏ်ဆွမ်းလောင်းလှူ
Feb 05,2023
မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဝန်ထမ်းမိသားစုများ လပြည်နေ့တိုင်းအစဉ်အလာမပျက်အရုဏ်ဆွမ်းလောင်းလှူခြင်းကို ယမန်နေ့နံနက် ၇ နာရီအချိန်ကလောင်းလှူခဲ့ ကြောင်းသိရသည်။
အင်းစိန်မြို့နယ်၊ လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား)၌ (၂၂)ကြိမ်မြောက် ဗုဒ္ဓါဘိသေကအနေကဇာ၊ ဗုဒ္ဓပူဇနိယပွဲတော် အခမ်းအနားနှင့် ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Feb 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ ရပ်ကွက်၊ မင်းဓမ္မလမ်းရှိ လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား)၌ (၂၂)ကြိမ်မြောက် ဗုဒ္ဓါဘိသေကအနေကဇာ၊ ဗုဒ္ဓပူဇနိယပွဲတော် အခမ်းအနားနှင့် ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၇)နာရီခွဲအချိန်က ကျင်းပသည်။
ဖား​ဆောင်းမြို့ မြို့နာမ်ရတနာစျာန်​အောင်​စေတီ​တော်တွင် ဗုဒ္ဓပူဇနိယ ဆွမ်းဆန်စိမ်း​လောင်း လှူပွဲနှင့်စု​ပေါင်းထမနဲထိုးပြိုင်ပွဲတွင်ဆုရရှိ​သော အသင်းများအားဆုချီးမြှင့်ပွဲကျင်းပ
Feb 05,2023
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် မြို့သူမြို့သားများမှ သံသရာဝဋ်ဆင်းရဲမှ ကင်းလွတ်ရာ၊​ အေးငြိမ်းရာမှန်မြတ်နိဗ္ဗာန်ကို ရည်သန်​တောင့်တလျှက် နှစ်စဥ်ကျင်းပမြဲဖြစ်​သော မြို့နာမ်ရတနာစျာန်​အောင်​စေတီ​တော်တွင် ဗုဒ္ဓပူဇနိယ ဆွမ်းဆန်စိမ်း​လောင်းလှူပွဲနှင့် စု​ပေါင်းထမနဲထိုးပြိုင်ပွဲတွင် ဆုရရှိ​သော အသင်းများအား ဆုချီးမြှင့်ခြင်းကို ယ​မန်နေ့ နံနက်၇ နာရီ ချိန်က အဆိုပါ​စေတီ​တော်ရင်ပြင်တွင်ကျင်းပပြုလုပ်ခဲ့သည်။
ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီး၌ (၉၉)ကြိမ်မြောက် ညံရိုးမီးပူဇော်ပွဲနှင့် ထမနဲဆွမ်းကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ
Feb 05,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် နှစ်စဉ် ကျင်းပမြဲဖြစ်သော ညံရိုးမီးပူဇော်ပွဲကို ယမန်နေ့နံနက် ၄:၀၀ နာရီက စေတီတော်တောင်ဘက် စောင်းတန်းထိပ် ရတနာပုံထီးဘုရားရှေ့တွင် ပြည်သူအပေါင်းတို့က ဗုဒ္ဓမြတ်စွာဘုရားရှင်အား ညံရိုးများဖြင့် မီးပူဇော်ကြသည်။
ညောင်တုန်းမြို့နယ်တွင် အမှိုက်စွန့်ပစ်မှုပညာပေးဟောပြောပွဲကျင်းပ
Feb 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်စွန့်ပစ်မှု ပညာပေးဟောပြောပွဲမျာကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၄၂) အခြေခံပညာမူလတန်းကျောင်၌ ဆောင်ရွက်ခဲ့သည်။