မော်လမြိုင် ဖေဖော်ဝါရီ ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်အရထိုင်းနိုင်ငံတွင်ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲကြုံတွေ့ခဲ့ရသော နေရပ်ပြန် မြန်မာနိုင်ငံသားတို့အား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် မိမိနေအိမ်များသို့ အမြန်ဆုံး ပို့ဆောင်ပေးရန်နှင့် အလှမ်းဝေးသည့်နေရပ်များသို့ တပ်မတော်(ရေ)မှ စစ်ရေယာဉ်ကြီးများဖြင့် ပို့ဆောင်ပေးရန် လုပ်ငန်း စဉ် များကို ဆောင်ရွက်လျက်ရှိရာ နေရပ်ပြန်မြန်မာနိုင်ငံသားများအနက် မွန်ပြည်နယ်မှ ကျား (၄၄) ဦး မ (၈) ဦး စုစုပေါင်း ၅၂ ဦးအား မော်လမြိုင်မြို့သို့ ပြောင်းရွှေ့ပို့ဆောင်ပေးခဲ့မှုအပေါ် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်အဆင့်ဝန်ကြီးများ၊ တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ ဆိပ်ကမ်းသာတံတား၌ မွန်ပြည်နယ်အတွင်းရှိ နေရပ်ပြန် မြန်မာနိုင်ငံ သားများကို လှိုက်လဲနွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မွန်ပြည်နယ်အတွင်းရှိ နေရပ်ပြန်မြန် မာနိုင်ငံသားများအား အာဟာရပြည့်စားသောက်ဖွယ်ရာများ ကျွေးမွေးခြင်း၊ စနစ်တကျနေရာချထားပေးခြင်း၊ မွန်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာမြို့များအသီးသီးသို့ ဘေးအန္တရာယ်ကင်း ရှင်းစွာဖြင့် မိသားစုများနှင့် အမြန်ပြန်လည် တွေ့ဆုံနိုင်စေရန် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်