အမာမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံအားပေး

အမာ ဖေဖော်ဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ စိတ်ဓာတ်မြှင့်တင်ရေး တွေ့ဆုံအားပေး‌ခြင်းနှင့် အာဟာရများကျွေးမွေးခြင်းလုပ်ငန်းများကို ယမန်နေ့ နေ့လယ် (၁၂)နာရီခွဲအချိန်က  အခြေခံပညာ အထက်တန်းကျောင်းသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်းနှင့် ဌာနဆိုင်ရာများက မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍  သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ကြားပေးနေသည့် ဆရာ၊  ဆရာမများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား စိတ်ဓာတ်မြှင့်တင်ရေး တွေ့ဆုံအားပေးခဲ့ပြီး ဆက်သွယ်ရေး၊ လျှပ်စစ်ဦးစီးဌာနနှင့်  သစ်တောဦးစီးဌာနတို့က စုပေါင်း၍ အာဟာရများ ကျွေးမွေးလှူဒါန်း ခဲ့ကြောင်း သိရသည်။

အမာ(ပြန်/ဆက်)